ထေရဝါဒဗုဒ္ဓဒေသနာနှင့်ဝိပဿနာ ပြန့်ပွားရေးအသင်း
Tharthana Flag
Profile Photo
ကျွန်ုပ်တို့အကြောင်း

ထေရဝါဒဗုဒ္ဓဒေသနာနှင့်ဝိပဿနာပြန့်ပွားရေးအသင်း တည်ထောင်သူ  ဆရာကြီးဦးဌေးအောင်

ဆရာကြီး ဦးဌေးအောင် (မဟာသဒ္ဓမ္မ ဇောတိကဓဇ)၏ ဘိုးဘွား၊ မိဘ၊ ဘကြီး၊ ဘထွေး အားလုံးသည် သာသနာတော်၌ အထူးထင်ရှားသော သူတော်ကောင်းမျိုးရိုး၊ ပတ်ဝန်းကျင်ကောင်းကို ရရှိခဲ့ရုံသာမက၊ ကျမ်းတတ်၊ စာတတ် ပေတတ် ပုဂ္ဂိုလ်ကြီးများ၏  အထူးဝါယမ စိုက်ထုတ် သင်ကြားမှုကို ရရှိခဲ့ပါသည်။

အထူးအားဖြင့် စစ်တွင်းကာလ စစ်ကိုင်းတောင်ရိုး၌ သာမဏေဝတ်ဖြင့် ဘကြီးဘုန်းကြီး ရတနာဓူဝံချောင် ဆရာတော် ဦးဇနိန္ဒက ပါဠိဘာသာနှင့် ဗုဒ္ဓကျမ်းစာများကိုလည်းကောင်း၊ ဖခင်ကြီး ဦးသိန်းအောင်က ပါဠိဘာသာ၊ ဗောဓိချောင် ဆရာတော်က ပါဠိသဒ္ဒါ နှင့် ရူပသိဒ္ဓိဘာသာ၊ မန္တလေး အမှတ် (၁) အထက်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြင်မြိုင်က သင်္ချာဘာသာ၊ လျှော်ဖြူချောင်ဆရာတော်က နက္ခတ်ဗေဒပညာ၊ ဖခင်ကြီး ဦးသိန်းအောင်နှင့် ဘကြီး ဘုန်းကြီး (၂)ပါးက အင်္ဂလိပ်စာ စသည်ဖြင့် ဘာသာစုံကို အကျိုးရှိအောင် သင်ကြားပေးခဲ့ကြပါသည်။

ပိုမိုလေ့လာရန်

သတင်းနှင့်ပြန်ကြားရေး

နှစ်တစ်ရာပြည့် ပူဇော်ပွဲအခမ်းအနား

တင်ပြသူ- ဦးမျိုးမြင့် နိဒါန်း ဓမ္မမိတ်ဆွေများခင်ဗျာ- ဆရာကြီးဦဌေးအောင်ရဲ့ ဗုဒ္ဓဒေသနာကို စနစ်သစ်နည်းနဲ့ လေ့လာခြင်းအကြောင်းကို ဆရာကြီးရဲ့ ဉာဏ်ပညာကို ပူဇော်တဲ့အနေနဲ့ ဒီ ....

“ဓမ္မရတနာ၏ အနှစ်သာရ”

ဘုရားရှင်ကိုယ်တိုင် ဘုရားဖြစ်အောင် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီတော်များ ဖြည့်ကျင့်ရပါတယ်။ ဖြည့်ရတဲ့ပါရမီတွေက လောကတ္ထစရိယ = လောကသုံးပါးအကြောင်းကို ပိုင်းပိုင်းခြားခြားသိရဖို့ ပါရမီတွေ ....

“မဂ္ဂသစ္စာ”

မဂ္ဂသစ္စာဆိုတာ သံသရာဝဋ်ဆင်းရဲတွေ ဖြစ်နေတာကို ဘယ်ပုံဘယ်နည်းနဲ့ ပျောက်အောင်လုပ်ရင် ပျောက်တယ်ဆိုတဲ့ နည်းပညာဖြစ်ပါတယ်။ ပျောက်ကြောင်း (၄)ပါး ရှိသည်။ ထိုအကြောင်း(၄)ပါးမှာ – ....

ဗောဓိဉာဏဓမ္မရိပ်သာကိုထောက်ပံ့ကူညီနိူင်ပါသည်။

ပိုမိုလေ့လာရန်

တရားဗီဒီယိုများနှင့်တရားအသံများ

တရားစာအုပ်များ

ပိုမိုလေ့လာရန်