ထေရဝါဒဗုဒ္ဓဒေသနာနှင့်ဝိပဿနာ ပြန့်ပွားရေးအသင်း
Tharthana Flag
Profile Photo
ကျွန်ုပ်တို့အကြောင်း

ထေရဝါဒဗုဒ္ဓဒေသနာနှင့်ဝိပဿနာပြန့်ပွားရေးအသင်း တည်ထောင်သူ  ဆရာကြီးဦးဌေးအောင်

ဆရာကြီး ဦးဌေးအောင် (မဟာသဒ္ဓမ္မ ဇောတိကဓဇ)၏ ဘိုးဘွား၊ မိဘ၊ ဘကြီး၊ ဘထွေး အားလုံးသည် သာသနာတော်၌ အထူးထင်ရှားသော သူတော်ကောင်းမျိုးရိုး၊ ပတ်ဝန်းကျင်ကောင်းကို ရရှိခဲ့ရုံသာမက၊ ကျမ်းတတ်၊ စာတတ် ပေတတ် ပုဂ္ဂိုလ်ကြီးများ၏  အထူးဝါယမ စိုက်ထုတ် သင်ကြားမှုကို ရရှိခဲ့ပါသည်။

အထူးအားဖြင့် စစ်တွင်းကာလ စစ်ကိုင်းတောင်ရိုး၌ သာမဏေဝတ်ဖြင့် ဘကြီးဘုန်းကြီး ရတနာဓူဝံချောင် ဆရာတော် ဦးဇနိန္ဒက ပါဠိဘာသာနှင့် ဗုဒ္ဓကျမ်းစာများကိုလည်းကောင်း၊ ဖခင်ကြီး ဦးသိန်းအောင်က ပါဠိဘာသာ၊ ဗောဓိချောင် ဆရာတော်က ပါဠိသဒ္ဒါ နှင့် ရူပသိဒ္ဓိဘာသာ၊ မန္တလေး အမှတ် (၁) အထက်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြင်မြိုင်က သင်္ချာဘာသာ၊ လျှော်ဖြူချောင်ဆရာတော်က နက္ခတ်ဗေဒပညာ၊ ဖခင်ကြီး ဦးသိန်းအောင်နှင့် ဘကြီး ဘုန်းကြီး (၂)ပါးက အင်္ဂလိပ်စာ စသည်ဖြင့် ဘာသာစုံကို အကျိုးရှိအောင် သင်ကြားပေးခဲ့ကြပါသည်။

ပိုမိုလေ့လာရန်

သတင်းနှင့်ပြန်ကြားရေး

“မဂ္ဂင်(၈)ပါး တရားနှင့် ဒိဋ္ဌာနုသယ ပယ်ခြင်း”

မဂ္ဂင် (၈)ပါးမှာ ပညာမဂ္ဂင် (၂)ပါး၊ သီလ မဂ္ဂင် (၃)ပါး၊ သမာဓိမဂ္ဂင် (၃)ပါးနှင့် စသွားရပါတယ်။ ပထမဆုံးဖြစ်တဲ့ အယူမှန်၊ ....

“ မဂ္ဂင်(၈)ပါး”

မြတ်စွာဘုရား ဟောကြားတော်မူသော မဂ္ဂင်(၈)ပါး တရားဒေသနာဟာ အလွန် အရေးကြီးတာပါ။ ဘုရားရှင်ဟာ ပထမဦးဆုံး ပဥ္စဝဂ္ဂီ (၅)ဦးကို ဟောတာလည်း ဒီမဂ္ဂင်(၈)ပါး ....

“ဓမ္မရတနာ၏ အနှစ်သာရ”

ဘုရားရှင်ကိုယ်တိုင် ဘုရားဖြစ်အောင် လေးသ‌ေင်္ချနဲ့ ကမ္ဘာတစ်သိန်းပါရမီတော်များ ဖြည့်ကျင့်ရပါတယ်။ ဖြည့်ရတဲ့ ပါရမီတွေက လောကတ္ထစရိယ = လောကသုံးပါးအကြောင်း ကို ပိုင်းပိုင်းခြားခြား ....

ဗောဓိဉာဏဓမ္မရိပ်သာကိုထောက်ပံ့ကူညီနိူင်ပါသည်။

ပိုမိုလေ့လာရန်

တရားဗီဒီယိုများနှင့်တရားအသံများ

တရားစာအုပ်များ

ပိုမိုလေ့လာရန်